Sunday 5 July 2009

7 July

လွန်ခဲ့တဲ့ နှစ် (၄၇)တုန်းက 7july မှာ အပြစ်မဲ့တဲ့ ကျောင်းသားတွေ ကျဆုံးခဲ့ရပါတယ်။
လွန်ခဲ့တဲ့ နှစ် (၂၀)တုန်းက 7july မှာ အသက် ၂၀တောင်မပြည့်သေးတဲ့ G.T.I ကျောင်း
သားတယောက် န ၀ တ ရဲ့ ဗုံးထောင် လုပ်ကြံမှုကြောင့် မထင်မှတ်ဘဲ ကျဆုံးခဲ့ရပါတယ်။
အဲဒိကျောင်းသား ကျဆုံးမှု ကြောင့်အပြစ်မဲ့တဲ့ ပြည်သူတယောက် ဗုံးခွဲပါတယ်ဆိုပြီး မတရား
အပြစ်ဒါဏ်ပေးအကျဉ်းကျခံနေရတာဟာ ယနေ့ ထက်တိုင်ပါဘဲ။ ထိုနောက် အမှန်တကယ်
ပါဆယ်ဗုံးပေးပို့ သူ အပြစ်ကျခံရ ပါတယ်။ ထို အမှန်တကယ် သူမှာ ပြစ်ဒဏ်ကျခံပြီးပြန်လည်
လွတ်မြောက်လာပါသော်လည်း အပြစ်မရှိဘဲ မတရား စွတ်ဆွဲ အပြစ်ပေးခံရသူမှာ လွတ်မြောက်
ခြင်းမရှိသေးပါ။ (လွန်ခဲ့တဲ့ 7လလောက်က VOA မှ သတင်းကို ကိုးကား ထားပါသည်။ )

ထို G.T.I ကျောင်းသားကို ဂုဏ်ပြု ဦးညွတ်ရင်း သူနှင့်သက်ဆိုင်သော ဖြစ်ရပ်မှန် Artical လေးတခု
ရေးဖြစ်ခဲ့ပါတယ်။


သူငယ်ချင်းသို့ တမ်းတခြင်းနှစ်၂၀
၁၉၈၆-၈၇ စာသင်နှစ် ရန်ကုန်တက္ကသိုလ် ဗိုလ်တထောင် နယ်မြေ ပထမနှစ် မောင်မယ် သစ်လွင် ကျောင်းသူကျောင်းသားတွေထဲ မှာ ကျမ တယောက် ပထမနှစ်သတ္တဗေဒ ဘာသာ ရပ်ကို သင်ယူခဲ့ ပါတယ်……………ပထမနှစ် အစမှာ အ ရာ အားလုံးဟာ ပုံမှန်ပါဘဲ………..။

ကျမဟာ ပုံဆွဲ အလွန်ညံသူ တယောက်ဖြစ် ပြီး သတ္တဗေဒဘာသာရပ်ကို ယူခဲ့တဲ့ အတွက် အတော်လေးဒုက္ခရောက် ပါတယ် ။ အထူးသဖြင့် လက်တွေ့  ဘာသာလုပ် ရတဲ့ အချိန်တွေ မှာပေါ့ အဲဒါကြောင့်လည်း သူနဲ့  ဆုံတွေ ဘို့တွေဖြစ်ခဲ့ပြီ့း ကြွေကွဲ လွမ်းမောမှုတွေ ဖြစ်ခဲ့ရပါတယ် ။
ကျမကြောင်းနဲနဲပြောပရစေ…….. ကျမဟာ အ.ထ.က (၁ ) ပန်းဘဲတန်း (St’Mary) မိန်းကလေးကျောင်း ထွက်ပါ ။

ထို့ အတွက်ကြောင့် ယောကျာ်းလေး များနဲ့  စကားပြောရမှာအင်မတန်ဝန်လေး တတ်ပါတယ် ၊ တက္ကသိုလ် ပထမနှစ်တုန်းက ကျမ ကို သူငယ်ချင်း တွေက ယောကျာ်လေး တယောက် နဲ့  မိတ်ဆက်ပေးပါတယ် ၊ နောက်တရက် အဲ့ဒိကျောင်းသားက ရီပြ နှုတ်ဆက်တာကို ..ကျမ က မသိသလိုခတ်တိတိနေမိတဲ့ အတွက် ….. ကျမသူငယ်ချင်းတွေကြား မှာတော်တော် နံမည် ကြီးခဲ့ပါတယ် ။ တမျိုးဘဲပေါ့နော်….. ဒါပင်မဲ့ ကျမခင်တဲ့ သူငယ်ချင်း ယောကျာ်း တယောက်ရှိခဲ့ပါတယ် ။ သူနဲ့  ကျမက ခုံနံပါတ်ချင်းနီး တဲ့အတွက် လက်တွေ့  ဘာသာရပ် တွေ လုပ်တဲ့ ချိန်တွေမှာ စား ပွဲ တခုတည်း အမြဲ ကျတတ်ပါတယ် ၊ ကျမကို ပုံကူဆွဲပေးတာရော အစ အနောက် သန်တာ ရောအတွက် ၊ ကျမခင်မင်မိခဲ့ တာပါ ။ ခင်မင်မှုရဲ.နောက်ကွယ် မှာ သူ့ ရင်ထဲမှာအခြားပိုတဲ့ အကြောင်းအရာတွေရှိ ခဲ့တာကိုတော့ ပထမ ကျမ မသိခဲ့ပါဘူး ။ တရက်တော့ ရုက္ခဗေဒ ဘာသာရပ် လက် တွေ့ ချိန် မတိုင်ခင်မှာ ကျမက သူ့ကိုလိုက်ရှာ နေ ပါ တယ် ။

ဘာကြောင့်လဲဆိုတော့ ကျမကို ပုံ ကူဆွဲပေးဘို့ ပေါ့ ဒါနဲ့ အတန်း စ တဲ့အချိန်မှာ သူ့  စာအုပ် နဲ့  ကျမ စာအုပ် နှစ်ခု စလုံး သူ တယောက်ထဲ ဆွဲရမှာမို့  ကျမဘေး ကထိုင်ပြီးခဲတံချွန်တဲ့ အလုပ်ကို ကူလုပ်ပေးနေမိပါတယ် ။ဒါပင်မဲ့ အဲ့ ဒိနေ့ က သူက အရမ်းတည်ငြိမ်နေ တာကို ကျမသတိထားမိခဲ့ပါတယ် ၊ ထူးခြား နေတာတော့ ကျမသိတယ် ကျမကို စိတ်ဝင်စား နေတယ်ဆိုတာ ကိုတော့ ကျမ ရိုးသားစွာ ၀ံခံ ရရင် လုံးဝမရိပ် မိပါဘူး ၊ ထင်လဲမထင်ဘူး ………..သူ နဲ့ ကျမ က အတန်းတူ သူငယ်ချင်းတွေလေ ……………နောက် တချက်ထူးခြားတာက တခြားဘာသာ က သူရဲ့သူငယ်ချင်း တအုပ်ကပါ အခန်းအပြင် ဘက်ကနေ ကျမကို လာကြည့်ကြတယ်။ ဘာကြောင့်လဲဆိုပြီးတော့ စိတ်ထဲ တမျိုးတော့ ဖြစ်သွားတယ် အတန်းပြီးတဲ့ အချိန်မှာ ကျမသူငယ်ချင်း မိုးခက် နဲ့  အတူအိမ်ပြန်ဘို့ တွေ့ တဲ့ အချိန်မှာတော့ ကျမ အတွက် အဖြေကရှင်း သွားပါတယ် သူကနင့်ကိုကြိုက်နေတာတဲ့ …… ကျမ တို့ သူငယ်ချင်း ၂ ယောက်လည်း အဲဒိ နေရာကနေ အိမ်ကို အပြေးတပိုင်း ပြန်ပြေးပါတော့တယ် ။

နောက်နေ့  ကျောင်းရောက်တော့ သူရှိ ကငှား ထားတဲ့ စာအုပ်ကို ပြန်ပေးပြီး ကျွန်မ သူကိုစကား မပြောတော့ပါဘူး။ဘာကြောင့်လည်းဆိုတော့ ကျွန်မက သူငယ်ချင်း တယာက်လို ခင်မင်တာ ကို အရောင်ဆိုးတယ်ပေါ့လေ …နောက်တချက်က သူ့ ကို ရီးစားရှိတယ် ထင်ထားတာ ။သူ့ ရဲ့ သူငယ်ချင်း မြန်မာစာ က တယောက်ကို သူ့ ရီးစားလို့ ထင်နေမိတာ ……………………………………..။
(ကျွန်မ က မိန်းကလေးကျောင်းထွက်မို့  မိန်းကလေး သူငယ်ချင်း နဲ့ ယောကျာ်းလေး သူငယ်ချင်း တွေ ရဲ့ ရင်းနှီးစွာ ခင်မင်မှု ကို သိတ် ပြီး နားမလည် ခဲ့ပါဘူး။ )
(မှတ်မှတ်ယယ တတိယနှစ် ကျောင်းပြန်တက်တော့ မိန်းထဲသိပံခန်းမ ရှေ့ လှေးခါးထက် နားမှာ သူ့ ရဲ့ မြန်မာစာ ကသူငယ်ချင်း ကျမကြားအောင် လာပြောသွားတာကတော့ဒို့ တွေက သူငယ်ချင်းတွေပါတဲ့ ) Its too late !!!

ကျွန်မတို့ ရဲ့  ပထမနှစ် စာမေးပွဲကြီးကို ရောက်ခဲ့ပါတယ်။သူဟာ ဘယ်လောက် နောက်ပြောင် သန်လည်း ဆိုရင် သူက မြန်မာစာ ဂုဏ်ထူးတွက် အောင်လုပ်ပြီး မြန်မာစာကိုပြောင်းမှာလို့  ကျမကြားအောင် လာနောက်ပါတယ် ။( အဲဒိတုန်းက ဂုဏ်ထူးထွက်တဲ့ ဘာသာကိုပြောင်းခွင့် ရှိပါတယ် ၊ ဥပမာ သတ္တဗေဒ ကျောင်း သား က ရူပဗေဒ ဂုဏ်ထူးထွက်ရင် ဒုတိယနှစ်မှာရူပဗေဒ ဘာသာရပ် ကိုပြောင်းယူလို ရပါတယ်)

ကျမ တို့ ဟာ ခောတ်ဆိုး ခောတ်ပျက်နဲ့ ကြုံတဲ့ တက္ကသိုလ်ကျောင်းသားတွေပါ ။ ကျမ တို့  ဗိုလ်တထောင် နယ်မြေသတ္တဗေဒ ဘာသာ က မိန်းထဲမှာ စာမေးပွဲ သွားဖြေ ရပါတယ် ။ ပထမ ဦးဆုံးဖြေ ရတာကတော့ PS ပါ ကျမအမုန်း ဆုံး ဘာသာရပ်ပါ ။ ဒါကြောင့် ကျမနဲ့ ကျမသူငယ်ချင်းရွှေဇင် မဖြေနိုင် ခဲ့ပါဘူး ။ကျမတို့  သူငယ်ချင်း၂ယောက် လာကြိုမဲ့ ကားကို မစောင့်ဘဲ ကျောင်းထဲကနေ ပြည်လမ်းမကြီးအတိုင်း
စိတ်ညစ်ညစ် နဲ့ လမ်းလျှောက် လာလိုက်တာ မြန်မာ့အသံရှေ့ရောက်တဲ့ အထိဘဲ အဲဒီအချိန်မှာကားပေါ်ကသူငယ်ချင်းတွေ တွေ့  သွားပြီး စိတ်ပူစွာ အော်ကြပါတယ်.. ကျမ တို့ ၂ယောက်က ပြည်လမ်း အလယ် အ၀ါရောင် မြင်းကြားထဲမှ လျှောက်လာတာပါ။
(ယခင် က စဘိန်း စီးရန် ပြည်လမ်း အလယ်ခေါင်တွင် အ၀ါရောင် မြင်း၂ကြောင်းရှိ တယ် )
သူငယ်ချင်းတွေ ကားပေါ် က ဆင်းလာပြီး စိတ်ပူစွာနဲ့ ဘာဖြစ်လို့ လဲ လို့ မေးကြပါတယ် ကျမတို့ ၂ယောက် ကPS မဖြေနိုင် လိုဆိုတော့ အရူးမတွေ ဆိုပြီး ၀ိုင်းရီ ကြတယ် ။တမ်းတဖွယ် အောင်းမေ့ ပျော်ရွှင် စရာ အချိန်လေးတွေပါ ။(ဗမာဆန်ဆန်လေး သုံးသပ်ရရင်တော့နမိတ်ပေါ့နော်၊နောက်တနှစ်ကြာတဲ့အချိန် အဲဒိလမ်းမပေါ်မှာ ထောင်သောင်းမကတဲ့ ကျောင်းသား တွေချီတက်ခဲ့ကြပါတယ် ။)
(ဒုတိယနှစ် ရောက်တော့ PS မရှိတော့ပါဘူး)

အဲတာက သောကြာနေ့ ပါ ။ စနေ တနင်္ဂနွေ ပိတ်ရက်တနင်းလာနေ့ မှာ အင်္ဂလိပ်စာ ဖြေရမယ် ။ ကျမတို့  ရဲ့ဓာတုဗေဒ ကျူရှင်ဆရာ က စနေနေ့  ကျူရှင်လာဘို့  ခေါ်ထား ပါတယ် ၊ ကျမ နေ့ လယ် ၁၂ နာရီ လောက် ရောက် သွားပါတယ် ၊ တနာရီ လောက်ကြာတော့ ထင်တယ်သူငယ်ချင်း ရဲ့ ဦးလေး အပြင်ကနေ အပြေး တပိုင်း ရောကလာပြီး ၇၅ ၊ ၃၅ ၊ ၂၅ ကျပ်တွေ သိမ်းလိုက်ပြီ သုံးလို မရတော့ နေ့ လယ် သတင်းမှာ ပါလာတယ် ……………………..။စာ လဲ မသင်ဖြစ်တော့ဘူး ၊ ဆရာ ကလည်း မိန်းထဲ ကအဆောင် မှာနေတာမို့  သူ့ ကျောင်းသားတွေကို စိတ်ပူပြီးပြန်သွားပါတယ် ။ ရန်ကုန် တက္ကသိုလ် ပင်မ ရန်ကုန် တက္ကသိုလ် လိုင်နယ်မြေ နဲ့  စက်မှု တက္ကသိုလ် တို့ မှ အဆောင်ကျောင်းသားတွေ စာမေးပွဲ တန်းလန်း နှင့် ထမင်းစားဘို့ တောင် ပိုက်ဆံမရှိကြတော့ပါ ဘူး ၊ ကျောင်းသားတွေဆူပူသောင်း ကျန်းကြ ပါတော့တယ် ၊ အစိုးရရဲ့ လုပ်နေကြ ဘုတ်အုပ်ကြီးအတိုင်း ကျောင်းတွေအားလုံးပိတ်လိုက်ပါတယ် ။

ထို့နောက် ကျောင်းတွေပြန်ဖွင့် ပြီး ပထမ နှစ် စာမေးပွဲဖြေဆိုပြီး သွားပါတယ် ။ ၁၉၈၇-၈၈ စာသင် နှစ်ကို ပုံမှန်အတိုင်းပြန်ဖွင့် ပါတယ် ၊ သူကတော့ G T I ၀င် သွားလို ပထမ နှစ် G T I ကျောင်းသား ဖြစ် သွား ပါ တယ် ။ကျမကတော့ ဒုတိယနှစ် ကျောင်းသူပေါ့  တရက်တော့ သူ့  သူငယ်ချင်း တအုပ် နဲ့ အ တူ ကျမ အတန်းပြူတင်းပေါက်ကို ရောက် လာပါတယ် ၊ ကျမဟာ ထုံးစံ အ တိုင်းကြောက်ကြောက် နဲ့  အခန်းလွှတ် တွေ ရှိတဲ့ တခြားဘက်သူငယ်ချင်း မိုးခက် ကို ခေါ်ပြီး ရှောင် သွားပါတယ် ။ဒါပင်မဲ့  ကျမ မလွှတ်ပါဘူး ၊ သူက ဒုတိယ ထပ် ယောကျာ်လေး အိမ်သာရှေ့ ကနေပြီး လာ ကြည့်တာပေါ့ ….။
( ကျွန်မတို့  ဗိုလ်တထောင်ကျောင်း က ၀ရံတာ ၂ဘက် ရှိတယ် ၊ စာသင်ခန်းတွေ ရဲ့ တဖက် တချက် စီမှာ ၀ရံတာ တွေ ရှိပါတယ် )
မှတ်မှတ်ယယ ကျွန်မ သတိထားမိတာက သူ ၀တ်ထားတာအညိုရောင် ခပ်ဖျော့ဖျော့ ရခိုင်ပုဆိုးလေး ၀တ်ထားပါတယ် ၊ အင်္ကျီကို တော့ မမှတ်မိတော့ပါဘူး ။အဲဒီနေ့ ဟာ သူ့ ရဲ့ သက်ရှိထင်ရှား နောက် ဆုံး တွေ့ခဲ့ရတဲ့ မြင်ကွင်းပါ ။ ကျမကို သက်ရှိ ထင်ရှား နှုတ်ဆက်ခဲ့ တဲ့နေ့  ဆိုရင်လည်း မမှားဘူးပေါ့လေ………………………………….။

ထိုနောက် ၈၈ အရေးအခင်း များနဲ့ ကြုံခဲ့ကြ ရ ပြီး ၊ ကျောင်းရက်ရှည်ကြီးပိတ်ခဲ့ပါတယ် ။၁၉၈၉ ဇူလိုင်လ ၇ရက် နေ့ မှာတော့ သတင်းဆိုးတပုဒ် သတင်းစာထဲ ပါလာပါတယ် ၊ တညင် ရေနံချက်စက်ရုံက စက်ရုံမှူး ရဲ့ အိမ်ခြံဝန်းထဲမှာ ဗုံးပေါက်တယ် ဆိုတဲ့သတင်းနဲ ဗုံးပေါက်တယ် ဆိုတဲ့သတင်းနဲ့ အတူ စက်ရုံမှူး ရဲ့သား သူရကျော် ပွဲချင်းပြီး သေဆုံးသွားတာကိုဓါတ်ပုံနဲ့  အတူတကွဖေါ်ပြထား ပါတယ် ။သူ့ ရဲ့ ဓါတ်ပုံ ၊ နံမည် ၊ ကျောင်း နေရပ်လိပ်စာ တွေအကုန် မှန်ကန် နေပင်မဲ့ ကျမစိတ်ကအသိအမှတ်မပြု တာဟာ ၁နှစ်နီးပါးကြာခဲ့ ပါတယ် ။
အဲဒီ အချိန်အခါ တွေတုန်းက အိမ်မှာ လူကြီးတွေကိုအပြင်ထွက်ဘို့  ခွင်တောင်းရတာ အလွန်ခက် ပါတယ်။ကျမ အပြင်ထွက်ဘို့  နည်းလမ်း အမြဲ ရှာဖွေ ရတယ် ။ အကောင်းဆုံး နည်းကတော့ အင်္ဂလိပ်စာ စာကားပြော သင်တန်း ပါ kT ဦးတင့်လွင် (လောကနတ် ပန်းချီခန်း)တက်ဖြစ်ခဲ့ပါတယ် ။ သူ့ ရဲ့ သူငယ်ချင်း တချို့ လည်းတက်ကြ ပါတယ် ။ ကံကောင်းစွာနဲ့ ကျွန် မ နဲ့ တခါမှ မဆုံပါဘူး။(ကျမ အရမ်းကြောက်တဲ့  သူ့ ရဲ့ သူငယ်ချင်း ယောကျာ်း လေးအုပ်စု )

၁၉၉၀ ဇူလိုင်လ ၇ရက် နေ့ တနှစ်ပြည့် တဲ့နေ့ မှာ သူတို့ သူငယ်ချင်းတွေ ဆုတောင်းပွဲ ပြုလုပ်ကြတယ် လို့ ကျမသူငယ်ချင်းမိုးခက် ဆီမှတဆင့် သိလိုက်ရပါတယ် ။အဲဒီ အချိန်ကြမှ ကျမ သူတကယ်သေတယ်ဆိုတာကို အသိအမှတ် ပြုခဲ့ပါတယ် ။(၁၉၉၁ မေမှာ ကျောင်းတွေပြန်ဖွင့်တော့ သူမပါတဲ့ သူ့  ရဲ သူငယ်ချင်း အုပ်စု သူ့ ရဲ
၂ နှစ်မြောက်နှစ်ပတ်လည် 7 july နေ့ က ကျမအတန်းကိုလာကြသေးတယ်။ )
ထို့အတူ န ၀ တ စစ်ခွေးတွေကလည်း လာလာကြည့်ကြတာ အဲ ဒိနှစ်က ကျမ ထိုင်တဲ့ ပြူတင်းပေါက်က
လူအတော်စည်တာ။ပြီးတော့ အတန်းထဲ ကျမခုံနံပါတ်နားမှာ စစ်ခွေးတကောင်ကရှိသေးတာ။ပြောရရင်တော့
ပြောစရာတွေ အများကြီးပါ။နောက်တော့ ထောင်ကထွက်ပြီး အတွေ့ အကြုံများမှဘဲထက်ရေးတော့မယ်။

၁၉၉၁ ဇန်န၀ါရီလမှာတော့ ဒီမိုကရေစီ ရရှိဘို့ အတွက်ယုံကြည်ချက် တိုက်ပွဲဝင်ရင်း အင်းစိန်ထောင်သို့ အလည်တခေါက်ရောက်ခဲ့ ပါတယ် ။ အင်းစိန်ထောင်ရဲ့ အချုပ်ခန်းမှာ ကျမ ပြန်လွတ်ချင် တာက လွဲလို့  ကျမမှာဘာ အာဂုံမှ မရှိခဲ့ပါဘူး ။ အချုပ်ထဲမှာ၂ကြီမ်တိတိ အိမ်မက် မက် တယ် ။ ကျမ သူ့ ကိုသက်ရှိထင်ရှားမြင်ခဲ့တဲ့ အညိုရောင် ခတ်ဖျော့ဖျော့ ရခိုင်ပု ဆိုးလေးနဲ့ ပါ ၊ သူက ကျမကို စကားမပြောဘူး ၊ကျမ စိတ်ထဲမှာတော့သူ့ကို ပြန်မကြိုက်၊တွေတာနဲ့ ထွက်ပြေးတိမ်းရှောင်နေ တတ် လို့ စိတ်ဆိုးနေတယ်လို့  ထင်ခဲ့မိပါတယ် ။
ကျမ အချုပ်မှာ ရမာန် ၂ ပတ် ရက်ပေါင်း ၂၈ ရက် ပြည့်တဲ့နေ့ မှာပြန်လွတ်ပါတယ် ။
နီလာသိန်း က ရှေ့ တရက်စောပြီးလွတ်တယ်၊အသက်မပြည့်လို့ ပါ။)

(ခွတ်ဒေါင်းနီ ညီမငယ် အတွက် အမြဲ ဂုဏ်ယူနေပါတယ်)

ကျမ အိမ်ပြန်ရောက်တော့ နောက်တကြမ်ထပ်ပြီးမက် ပြန်ပါတယ် ၊ ကျမ စိတ်ထဲ ဘာ ကြောင့် တချိန်လုံး အိမ်မက်တွေ မက်နေတာလဲ၊ အဖြေရှာ လို့ မရတဲ့ အဆုံး ကျမရဲ့ အဖိုးကို ပြောပြ ဖြစ်တယ်။ အဖိုးက အမျှဝေ ပေးလိုက်ပါတဲ့ .. သူ အမျှလိုချင်လို့ နေမှာတဲ့……..။ကျမ လည်း နေ့ စဉ် ဘုရားရှစ်ခိုးပြီး သေသေ ချာချာ
မေတ္တာပို့ အမျှဝေ ပေးခဲ့ပါတယ် ။ သိတ်မ ကြာခင်မှာဘဲနောက်ထပ် အိမ်မက် ထပ်မက်တယ် ၊ အညိုရောင် ခတ်ဖျော့ဖျော့ ရခိုင်လေးပုဆိုးလေး နဲ့ ကျမကို ရီပြ ပြီး လက်ပြ နှုတ်ဆက်သွားပါတယ်
ကျမကို အပြီးနှုတ်ဆက်ပြီး ဘယ်တော့မှလည်း ကျမ အိမ်မက်ထဲကို ရောက်မလာတော့ပါဘူး။
သူငယ်ချင်း ဘ၀သစ် တခုမှာ အရင်ဘ၀ကလိုအပြစ်ဆိုးတွေ မကြုံရပါစေနဲ့ လို့ ဆုတောင်း
ပေးလိုက် ပါတယ် ။
သူငယ်ချင်း သူရကျော် အတွက် နှစ်(၂၀)ပြည့်အမှတ်တယ
စာကြွင်း အဲ့ဒိ ရုက္ခဗေဒ လက်တွေ့ စာအုပ်လေး ကျမမှာယခုထိရှိသေးတယ်။
ဒါပင်မဲ့ ကျမက အိမ်နဲ့ အဝေးကြီးမှာရောက်နေတော့ ဖော်ပြခွင့်မရဘူးပေါ့ ။
ယုဝသုဏ်
05.06.09 Sunday

14း18 PM