Sunday 5 July 2009

7 July

လွန်ခဲ့တဲ့ နှစ် (၄၇)တုန်းက 7july မှာ အပြစ်မဲ့တဲ့ ကျောင်းသားတွေ ကျဆုံးခဲ့ရပါတယ်။
လွန်ခဲ့တဲ့ နှစ် (၂၀)တုန်းက 7july မှာ အသက် ၂၀တောင်မပြည့်သေးတဲ့ G.T.I ကျောင်း
သားတယောက် န ၀ တ ရဲ့ ဗုံးထောင် လုပ်ကြံမှုကြောင့် မထင်မှတ်ဘဲ ကျဆုံးခဲ့ရပါတယ်။
အဲဒိကျောင်းသား ကျဆုံးမှု ကြောင့်အပြစ်မဲ့တဲ့ ပြည်သူတယောက် ဗုံးခွဲပါတယ်ဆိုပြီး မတရား
အပြစ်ဒါဏ်ပေးအကျဉ်းကျခံနေရတာဟာ ယနေ့ ထက်တိုင်ပါဘဲ။ ထိုနောက် အမှန်တကယ်
ပါဆယ်ဗုံးပေးပို့ သူ အပြစ်ကျခံရ ပါတယ်။ ထို အမှန်တကယ် သူမှာ ပြစ်ဒဏ်ကျခံပြီးပြန်လည်
လွတ်မြောက်လာပါသော်လည်း အပြစ်မရှိဘဲ မတရား စွတ်ဆွဲ အပြစ်ပေးခံရသူမှာ လွတ်မြောက်
ခြင်းမရှိသေးပါ။ (လွန်ခဲ့တဲ့ 7လလောက်က VOA မှ သတင်းကို ကိုးကား ထားပါသည်။ )

ထို G.T.I ကျောင်းသားကို ဂုဏ်ပြု ဦးညွတ်ရင်း သူနှင့်သက်ဆိုင်သော ဖြစ်ရပ်မှန် Artical လေးတခု
ရေးဖြစ်ခဲ့ပါတယ်။


သူငယ်ချင်းသို့ တမ်းတခြင်းနှစ်၂၀
၁၉၈၆-၈၇ စာသင်နှစ် ရန်ကုန်တက္ကသိုလ် ဗိုလ်တထောင် နယ်မြေ ပထမနှစ် မောင်မယ် သစ်လွင် ကျောင်းသူကျောင်းသားတွေထဲ မှာ ကျမ တယောက် ပထမနှစ်သတ္တဗေဒ ဘာသာ ရပ်ကို သင်ယူခဲ့ ပါတယ်……………ပထမနှစ် အစမှာ အ ရာ အားလုံးဟာ ပုံမှန်ပါဘဲ………..။

ကျမဟာ ပုံဆွဲ အလွန်ညံသူ တယောက်ဖြစ် ပြီး သတ္တဗေဒဘာသာရပ်ကို ယူခဲ့တဲ့ အတွက် အတော်လေးဒုက္ခရောက် ပါတယ် ။ အထူးသဖြင့် လက်တွေ့  ဘာသာလုပ် ရတဲ့ အချိန်တွေ မှာပေါ့ အဲဒါကြောင့်လည်း သူနဲ့  ဆုံတွေ ဘို့တွေဖြစ်ခဲ့ပြီ့း ကြွေကွဲ လွမ်းမောမှုတွေ ဖြစ်ခဲ့ရပါတယ် ။
ကျမကြောင်းနဲနဲပြောပရစေ…….. ကျမဟာ အ.ထ.က (၁ ) ပန်းဘဲတန်း (St’Mary) မိန်းကလေးကျောင်း ထွက်ပါ ။

ထို့ အတွက်ကြောင့် ယောကျာ်းလေး များနဲ့  စကားပြောရမှာအင်မတန်ဝန်လေး တတ်ပါတယ် ၊ တက္ကသိုလ် ပထမနှစ်တုန်းက ကျမ ကို သူငယ်ချင်း တွေက ယောကျာ်လေး တယောက် နဲ့  မိတ်ဆက်ပေးပါတယ် ၊ နောက်တရက် အဲ့ဒိကျောင်းသားက ရီပြ နှုတ်ဆက်တာကို ..ကျမ က မသိသလိုခတ်တိတိနေမိတဲ့ အတွက် ….. ကျမသူငယ်ချင်းတွေကြား မှာတော်တော် နံမည် ကြီးခဲ့ပါတယ် ။ တမျိုးဘဲပေါ့နော်….. ဒါပင်မဲ့ ကျမခင်တဲ့ သူငယ်ချင်း ယောကျာ်း တယောက်ရှိခဲ့ပါတယ် ။ သူနဲ့  ကျမက ခုံနံပါတ်ချင်းနီး တဲ့အတွက် လက်တွေ့  ဘာသာရပ် တွေ လုပ်တဲ့ ချိန်တွေမှာ စား ပွဲ တခုတည်း အမြဲ ကျတတ်ပါတယ် ၊ ကျမကို ပုံကူဆွဲပေးတာရော အစ အနောက် သန်တာ ရောအတွက် ၊ ကျမခင်မင်မိခဲ့ တာပါ ။ ခင်မင်မှုရဲ.နောက်ကွယ် မှာ သူ့ ရင်ထဲမှာအခြားပိုတဲ့ အကြောင်းအရာတွေရှိ ခဲ့တာကိုတော့ ပထမ ကျမ မသိခဲ့ပါဘူး ။ တရက်တော့ ရုက္ခဗေဒ ဘာသာရပ် လက် တွေ့ ချိန် မတိုင်ခင်မှာ ကျမက သူ့ကိုလိုက်ရှာ နေ ပါ တယ် ။

ဘာကြောင့်လဲဆိုတော့ ကျမကို ပုံ ကူဆွဲပေးဘို့ ပေါ့ ဒါနဲ့ အတန်း စ တဲ့အချိန်မှာ သူ့  စာအုပ် နဲ့  ကျမ စာအုပ် နှစ်ခု စလုံး သူ တယောက်ထဲ ဆွဲရမှာမို့  ကျမဘေး ကထိုင်ပြီးခဲတံချွန်တဲ့ အလုပ်ကို ကူလုပ်ပေးနေမိပါတယ် ။ဒါပင်မဲ့ အဲ့ ဒိနေ့ က သူက အရမ်းတည်ငြိမ်နေ တာကို ကျမသတိထားမိခဲ့ပါတယ် ၊ ထူးခြား နေတာတော့ ကျမသိတယ် ကျမကို စိတ်ဝင်စား နေတယ်ဆိုတာ ကိုတော့ ကျမ ရိုးသားစွာ ၀ံခံ ရရင် လုံးဝမရိပ် မိပါဘူး ၊ ထင်လဲမထင်ဘူး ………..သူ နဲ့ ကျမ က အတန်းတူ သူငယ်ချင်းတွေလေ ……………နောက် တချက်ထူးခြားတာက တခြားဘာသာ က သူရဲ့သူငယ်ချင်း တအုပ်ကပါ အခန်းအပြင် ဘက်ကနေ ကျမကို လာကြည့်ကြတယ်။ ဘာကြောင့်လဲဆိုပြီးတော့ စိတ်ထဲ တမျိုးတော့ ဖြစ်သွားတယ် အတန်းပြီးတဲ့ အချိန်မှာ ကျမသူငယ်ချင်း မိုးခက် နဲ့  အတူအိမ်ပြန်ဘို့ တွေ့ တဲ့ အချိန်မှာတော့ ကျမ အတွက် အဖြေကရှင်း သွားပါတယ် သူကနင့်ကိုကြိုက်နေတာတဲ့ …… ကျမ တို့ သူငယ်ချင်း ၂ ယောက်လည်း အဲဒိ နေရာကနေ အိမ်ကို အပြေးတပိုင်း ပြန်ပြေးပါတော့တယ် ။

နောက်နေ့  ကျောင်းရောက်တော့ သူရှိ ကငှား ထားတဲ့ စာအုပ်ကို ပြန်ပေးပြီး ကျွန်မ သူကိုစကား မပြောတော့ပါဘူး။ဘာကြောင့်လည်းဆိုတော့ ကျွန်မက သူငယ်ချင်း တယာက်လို ခင်မင်တာ ကို အရောင်ဆိုးတယ်ပေါ့လေ …နောက်တချက်က သူ့ ကို ရီးစားရှိတယ် ထင်ထားတာ ။သူ့ ရဲ့ သူငယ်ချင်း မြန်မာစာ က တယောက်ကို သူ့ ရီးစားလို့ ထင်နေမိတာ ……………………………………..။
(ကျွန်မ က မိန်းကလေးကျောင်းထွက်မို့  မိန်းကလေး သူငယ်ချင်း နဲ့ ယောကျာ်းလေး သူငယ်ချင်း တွေ ရဲ့ ရင်းနှီးစွာ ခင်မင်မှု ကို သိတ် ပြီး နားမလည် ခဲ့ပါဘူး။ )
(မှတ်မှတ်ယယ တတိယနှစ် ကျောင်းပြန်တက်တော့ မိန်းထဲသိပံခန်းမ ရှေ့ လှေးခါးထက် နားမှာ သူ့ ရဲ့ မြန်မာစာ ကသူငယ်ချင်း ကျမကြားအောင် လာပြောသွားတာကတော့ဒို့ တွေက သူငယ်ချင်းတွေပါတဲ့ ) Its too late !!!

ကျွန်မတို့ ရဲ့  ပထမနှစ် စာမေးပွဲကြီးကို ရောက်ခဲ့ပါတယ်။သူဟာ ဘယ်လောက် နောက်ပြောင် သန်လည်း ဆိုရင် သူက မြန်မာစာ ဂုဏ်ထူးတွက် အောင်လုပ်ပြီး မြန်မာစာကိုပြောင်းမှာလို့  ကျမကြားအောင် လာနောက်ပါတယ် ။( အဲဒိတုန်းက ဂုဏ်ထူးထွက်တဲ့ ဘာသာကိုပြောင်းခွင့် ရှိပါတယ် ၊ ဥပမာ သတ္တဗေဒ ကျောင်း သား က ရူပဗေဒ ဂုဏ်ထူးထွက်ရင် ဒုတိယနှစ်မှာရူပဗေဒ ဘာသာရပ် ကိုပြောင်းယူလို ရပါတယ်)

ကျမ တို့ ဟာ ခောတ်ဆိုး ခောတ်ပျက်နဲ့ ကြုံတဲ့ တက္ကသိုလ်ကျောင်းသားတွေပါ ။ ကျမ တို့  ဗိုလ်တထောင် နယ်မြေသတ္တဗေဒ ဘာသာ က မိန်းထဲမှာ စာမေးပွဲ သွားဖြေ ရပါတယ် ။ ပထမ ဦးဆုံးဖြေ ရတာကတော့ PS ပါ ကျမအမုန်း ဆုံး ဘာသာရပ်ပါ ။ ဒါကြောင့် ကျမနဲ့ ကျမသူငယ်ချင်းရွှေဇင် မဖြေနိုင် ခဲ့ပါဘူး ။ကျမတို့  သူငယ်ချင်း၂ယောက် လာကြိုမဲ့ ကားကို မစောင့်ဘဲ ကျောင်းထဲကနေ ပြည်လမ်းမကြီးအတိုင်း
စိတ်ညစ်ညစ် နဲ့ လမ်းလျှောက် လာလိုက်တာ မြန်မာ့အသံရှေ့ရောက်တဲ့ အထိဘဲ အဲဒီအချိန်မှာကားပေါ်ကသူငယ်ချင်းတွေ တွေ့  သွားပြီး စိတ်ပူစွာ အော်ကြပါတယ်.. ကျမ တို့ ၂ယောက်က ပြည်လမ်း အလယ် အ၀ါရောင် မြင်းကြားထဲမှ လျှောက်လာတာပါ။
(ယခင် က စဘိန်း စီးရန် ပြည်လမ်း အလယ်ခေါင်တွင် အ၀ါရောင် မြင်း၂ကြောင်းရှိ တယ် )
သူငယ်ချင်းတွေ ကားပေါ် က ဆင်းလာပြီး စိတ်ပူစွာနဲ့ ဘာဖြစ်လို့ လဲ လို့ မေးကြပါတယ် ကျမတို့ ၂ယောက် ကPS မဖြေနိုင် လိုဆိုတော့ အရူးမတွေ ဆိုပြီး ၀ိုင်းရီ ကြတယ် ။တမ်းတဖွယ် အောင်းမေ့ ပျော်ရွှင် စရာ အချိန်လေးတွေပါ ။(ဗမာဆန်ဆန်လေး သုံးသပ်ရရင်တော့နမိတ်ပေါ့နော်၊နောက်တနှစ်ကြာတဲ့အချိန် အဲဒိလမ်းမပေါ်မှာ ထောင်သောင်းမကတဲ့ ကျောင်းသား တွေချီတက်ခဲ့ကြပါတယ် ။)
(ဒုတိယနှစ် ရောက်တော့ PS မရှိတော့ပါဘူး)

အဲတာက သောကြာနေ့ ပါ ။ စနေ တနင်္ဂနွေ ပိတ်ရက်တနင်းလာနေ့ မှာ အင်္ဂလိပ်စာ ဖြေရမယ် ။ ကျမတို့  ရဲ့ဓာတုဗေဒ ကျူရှင်ဆရာ က စနေနေ့  ကျူရှင်လာဘို့  ခေါ်ထား ပါတယ် ၊ ကျမ နေ့ လယ် ၁၂ နာရီ လောက် ရောက် သွားပါတယ် ၊ တနာရီ လောက်ကြာတော့ ထင်တယ်သူငယ်ချင်း ရဲ့ ဦးလေး အပြင်ကနေ အပြေး တပိုင်း ရောကလာပြီး ၇၅ ၊ ၃၅ ၊ ၂၅ ကျပ်တွေ သိမ်းလိုက်ပြီ သုံးလို မရတော့ နေ့ လယ် သတင်းမှာ ပါလာတယ် ……………………..။စာ လဲ မသင်ဖြစ်တော့ဘူး ၊ ဆရာ ကလည်း မိန်းထဲ ကအဆောင် မှာနေတာမို့  သူ့ ကျောင်းသားတွေကို စိတ်ပူပြီးပြန်သွားပါတယ် ။ ရန်ကုန် တက္ကသိုလ် ပင်မ ရန်ကုန် တက္ကသိုလ် လိုင်နယ်မြေ နဲ့  စက်မှု တက္ကသိုလ် တို့ မှ အဆောင်ကျောင်းသားတွေ စာမေးပွဲ တန်းလန်း နှင့် ထမင်းစားဘို့ တောင် ပိုက်ဆံမရှိကြတော့ပါ ဘူး ၊ ကျောင်းသားတွေဆူပူသောင်း ကျန်းကြ ပါတော့တယ် ၊ အစိုးရရဲ့ လုပ်နေကြ ဘုတ်အုပ်ကြီးအတိုင်း ကျောင်းတွေအားလုံးပိတ်လိုက်ပါတယ် ။

ထို့နောက် ကျောင်းတွေပြန်ဖွင့် ပြီး ပထမ နှစ် စာမေးပွဲဖြေဆိုပြီး သွားပါတယ် ။ ၁၉၈၇-၈၈ စာသင် နှစ်ကို ပုံမှန်အတိုင်းပြန်ဖွင့် ပါတယ် ၊ သူကတော့ G T I ၀င် သွားလို ပထမ နှစ် G T I ကျောင်းသား ဖြစ် သွား ပါ တယ် ။ကျမကတော့ ဒုတိယနှစ် ကျောင်းသူပေါ့  တရက်တော့ သူ့  သူငယ်ချင်း တအုပ် နဲ့ အ တူ ကျမ အတန်းပြူတင်းပေါက်ကို ရောက် လာပါတယ် ၊ ကျမဟာ ထုံးစံ အ တိုင်းကြောက်ကြောက် နဲ့  အခန်းလွှတ် တွေ ရှိတဲ့ တခြားဘက်သူငယ်ချင်း မိုးခက် ကို ခေါ်ပြီး ရှောင် သွားပါတယ် ။ဒါပင်မဲ့  ကျမ မလွှတ်ပါဘူး ၊ သူက ဒုတိယ ထပ် ယောကျာ်လေး အိမ်သာရှေ့ ကနေပြီး လာ ကြည့်တာပေါ့ ….။
( ကျွန်မတို့  ဗိုလ်တထောင်ကျောင်း က ၀ရံတာ ၂ဘက် ရှိတယ် ၊ စာသင်ခန်းတွေ ရဲ့ တဖက် တချက် စီမှာ ၀ရံတာ တွေ ရှိပါတယ် )
မှတ်မှတ်ယယ ကျွန်မ သတိထားမိတာက သူ ၀တ်ထားတာအညိုရောင် ခပ်ဖျော့ဖျော့ ရခိုင်ပုဆိုးလေး ၀တ်ထားပါတယ် ၊ အင်္ကျီကို တော့ မမှတ်မိတော့ပါဘူး ။အဲဒီနေ့ ဟာ သူ့ ရဲ့ သက်ရှိထင်ရှား နောက် ဆုံး တွေ့ခဲ့ရတဲ့ မြင်ကွင်းပါ ။ ကျမကို သက်ရှိ ထင်ရှား နှုတ်ဆက်ခဲ့ တဲ့နေ့  ဆိုရင်လည်း မမှားဘူးပေါ့လေ………………………………….။

ထိုနောက် ၈၈ အရေးအခင်း များနဲ့ ကြုံခဲ့ကြ ရ ပြီး ၊ ကျောင်းရက်ရှည်ကြီးပိတ်ခဲ့ပါတယ် ။၁၉၈၉ ဇူလိုင်လ ၇ရက် နေ့ မှာတော့ သတင်းဆိုးတပုဒ် သတင်းစာထဲ ပါလာပါတယ် ၊ တညင် ရေနံချက်စက်ရုံက စက်ရုံမှူး ရဲ့ အိမ်ခြံဝန်းထဲမှာ ဗုံးပေါက်တယ် ဆိုတဲ့သတင်းနဲ ဗုံးပေါက်တယ် ဆိုတဲ့သတင်းနဲ့ အတူ စက်ရုံမှူး ရဲ့သား သူရကျော် ပွဲချင်းပြီး သေဆုံးသွားတာကိုဓါတ်ပုံနဲ့  အတူတကွဖေါ်ပြထား ပါတယ် ။သူ့ ရဲ့ ဓါတ်ပုံ ၊ နံမည် ၊ ကျောင်း နေရပ်လိပ်စာ တွေအကုန် မှန်ကန် နေပင်မဲ့ ကျမစိတ်ကအသိအမှတ်မပြု တာဟာ ၁နှစ်နီးပါးကြာခဲ့ ပါတယ် ။
အဲဒီ အချိန်အခါ တွေတုန်းက အိမ်မှာ လူကြီးတွေကိုအပြင်ထွက်ဘို့  ခွင်တောင်းရတာ အလွန်ခက် ပါတယ်။ကျမ အပြင်ထွက်ဘို့  နည်းလမ်း အမြဲ ရှာဖွေ ရတယ် ။ အကောင်းဆုံး နည်းကတော့ အင်္ဂလိပ်စာ စာကားပြော သင်တန်း ပါ kT ဦးတင့်လွင် (လောကနတ် ပန်းချီခန်း)တက်ဖြစ်ခဲ့ပါတယ် ။ သူ့ ရဲ့ သူငယ်ချင်း တချို့ လည်းတက်ကြ ပါတယ် ။ ကံကောင်းစွာနဲ့ ကျွန် မ နဲ့ တခါမှ မဆုံပါဘူး။(ကျမ အရမ်းကြောက်တဲ့  သူ့ ရဲ့ သူငယ်ချင်း ယောကျာ်း လေးအုပ်စု )

၁၉၉၀ ဇူလိုင်လ ၇ရက် နေ့ တနှစ်ပြည့် တဲ့နေ့ မှာ သူတို့ သူငယ်ချင်းတွေ ဆုတောင်းပွဲ ပြုလုပ်ကြတယ် လို့ ကျမသူငယ်ချင်းမိုးခက် ဆီမှတဆင့် သိလိုက်ရပါတယ် ။အဲဒီ အချိန်ကြမှ ကျမ သူတကယ်သေတယ်ဆိုတာကို အသိအမှတ် ပြုခဲ့ပါတယ် ။(၁၉၉၁ မေမှာ ကျောင်းတွေပြန်ဖွင့်တော့ သူမပါတဲ့ သူ့  ရဲ သူငယ်ချင်း အုပ်စု သူ့ ရဲ
၂ နှစ်မြောက်နှစ်ပတ်လည် 7 july နေ့ က ကျမအတန်းကိုလာကြသေးတယ်။ )
ထို့အတူ န ၀ တ စစ်ခွေးတွေကလည်း လာလာကြည့်ကြတာ အဲ ဒိနှစ်က ကျမ ထိုင်တဲ့ ပြူတင်းပေါက်က
လူအတော်စည်တာ။ပြီးတော့ အတန်းထဲ ကျမခုံနံပါတ်နားမှာ စစ်ခွေးတကောင်ကရှိသေးတာ။ပြောရရင်တော့
ပြောစရာတွေ အများကြီးပါ။နောက်တော့ ထောင်ကထွက်ပြီး အတွေ့ အကြုံများမှဘဲထက်ရေးတော့မယ်။

၁၉၉၁ ဇန်န၀ါရီလမှာတော့ ဒီမိုကရေစီ ရရှိဘို့ အတွက်ယုံကြည်ချက် တိုက်ပွဲဝင်ရင်း အင်းစိန်ထောင်သို့ အလည်တခေါက်ရောက်ခဲ့ ပါတယ် ။ အင်းစိန်ထောင်ရဲ့ အချုပ်ခန်းမှာ ကျမ ပြန်လွတ်ချင် တာက လွဲလို့  ကျမမှာဘာ အာဂုံမှ မရှိခဲ့ပါဘူး ။ အချုပ်ထဲမှာ၂ကြီမ်တိတိ အိမ်မက် မက် တယ် ။ ကျမ သူ့ ကိုသက်ရှိထင်ရှားမြင်ခဲ့တဲ့ အညိုရောင် ခတ်ဖျော့ဖျော့ ရခိုင်ပု ဆိုးလေးနဲ့ ပါ ၊ သူက ကျမကို စကားမပြောဘူး ၊ကျမ စိတ်ထဲမှာတော့သူ့ကို ပြန်မကြိုက်၊တွေတာနဲ့ ထွက်ပြေးတိမ်းရှောင်နေ တတ် လို့ စိတ်ဆိုးနေတယ်လို့  ထင်ခဲ့မိပါတယ် ။
ကျမ အချုပ်မှာ ရမာန် ၂ ပတ် ရက်ပေါင်း ၂၈ ရက် ပြည့်တဲ့နေ့ မှာပြန်လွတ်ပါတယ် ။
နီလာသိန်း က ရှေ့ တရက်စောပြီးလွတ်တယ်၊အသက်မပြည့်လို့ ပါ။)

(ခွတ်ဒေါင်းနီ ညီမငယ် အတွက် အမြဲ ဂုဏ်ယူနေပါတယ်)

ကျမ အိမ်ပြန်ရောက်တော့ နောက်တကြမ်ထပ်ပြီးမက် ပြန်ပါတယ် ၊ ကျမ စိတ်ထဲ ဘာ ကြောင့် တချိန်လုံး အိမ်မက်တွေ မက်နေတာလဲ၊ အဖြေရှာ လို့ မရတဲ့ အဆုံး ကျမရဲ့ အဖိုးကို ပြောပြ ဖြစ်တယ်။ အဖိုးက အမျှဝေ ပေးလိုက်ပါတဲ့ .. သူ အမျှလိုချင်လို့ နေမှာတဲ့……..။ကျမ လည်း နေ့ စဉ် ဘုရားရှစ်ခိုးပြီး သေသေ ချာချာ
မေတ္တာပို့ အမျှဝေ ပေးခဲ့ပါတယ် ။ သိတ်မ ကြာခင်မှာဘဲနောက်ထပ် အိမ်မက် ထပ်မက်တယ် ၊ အညိုရောင် ခတ်ဖျော့ဖျော့ ရခိုင်လေးပုဆိုးလေး နဲ့ ကျမကို ရီပြ ပြီး လက်ပြ နှုတ်ဆက်သွားပါတယ်
ကျမကို အပြီးနှုတ်ဆက်ပြီး ဘယ်တော့မှလည်း ကျမ အိမ်မက်ထဲကို ရောက်မလာတော့ပါဘူး။
သူငယ်ချင်း ဘ၀သစ် တခုမှာ အရင်ဘ၀ကလိုအပြစ်ဆိုးတွေ မကြုံရပါစေနဲ့ လို့ ဆုတောင်း
ပေးလိုက် ပါတယ် ။
သူငယ်ချင်း သူရကျော် အတွက် နှစ်(၂၀)ပြည့်အမှတ်တယ
စာကြွင်း အဲ့ဒိ ရုက္ခဗေဒ လက်တွေ့ စာအုပ်လေး ကျမမှာယခုထိရှိသေးတယ်။
ဒါပင်မဲ့ ကျမက အိမ်နဲ့ အဝေးကြီးမှာရောက်နေတော့ ဖော်ပြခွင့်မရဘူးပေါ့ ။
ယုဝသုဏ်
05.06.09 Sunday

14း18 PM







Friday 19 June 2009

စု ၆၄

မင်္ဂလာရှိသော မွေးနေ့ ပါလို့ နှုတ်ခွန်းဆက်လိုက်ပါတယ် အန်တီစု။
မတရားဖမ်းဆီးချုပ်နှောင်ခြင်းမှ အမြန်းဆုံး လွတ်မြောက် ပါစေ။
ယုဝသုဏ်
19.06.09 10:00 AM




Saturday 13 June 2009

WELL EDUCATED AND LET SHOW OUR TRUTH CULTURE

Hi dear,
I was watching ABC channel ..cartoon shown on about 7:30Pm . That was about American friend group whose are growing organic vegetable garden. In the cartoon story using Mexican people for gardening hard work and house kitchen cleaning women mate for using as Burmese refugees Ma Khin Khin...when they are having lunch in the garden, they shout where is our Burmese Refugees ..Ma Khin Khin ? Then she came out with two food tray on each hand and one tray on her head and serve the people, she wear short logyi and hair style is like Sadon. Then they call out again Where is Burmese refugees Ma khin Khin again...she run up from the storage of garden tools where she sleep...rolling up her mat and answer .. coming ! . Then American cartoon character two white person said...Pointing out her sleeping mat ..and say " That's their culture imperialism "... I just shot of American in general do not know about Our culture and they think Burmese are in general working house mate only...Mexican for hard labour work and Burmese for house mate.only that kind of insult . Well ! they can say whatever they like in western counrty ...but we got to head up and be educated..Dear all Burmese ...where ever you are please do make our self ...WELL EDUCATED, LET SHOW OUR TRUTH CULTURE, we had a history of Kingdom...do not forget our golden time ....our nation, our people are now as a slave hard labour worker in other country because of uneducated Burmese Authority..make us our face black.
Thuzar

သမီးတယောက်ရဲ့ ခံစားချက်ဆွဲသီး

Message box မှာ ကိုရဲရင့် က အန်တီစုနဲ့ 88 ကျောင်းသားတွေ အတွက် ကဗျာတွေ
ရေးပါလို့ တောင်းဆိုလာပါတယ်။ ကဗျာသမားဆိုတာ သွားရင်းလာရင်း ၊ တွေးရင်းတောရင်း ၊ ခံစားရင်း ကဗျာဆရာ ရင်ထဲထိသွားတဲ့ အကြောင်းအရာတခုကို ကဗျာတပုဒ် ဖန်တီးယူလိုက်တာလို့ ကျမခံယူထားပါတယ်။ဟိုတပတ်က BBC ,VOA မှာ 88 ကျောင်းသားခေါင်ဆောင် ကိုမြအေးရဲ့ သမီးကြီး သူ့ အဖေရဲ့ ထောင်ဝင်စာတွေ့ ရပုံ အခြေအနေ နဲ့ သမီးတယောက်ရဲ့ ခံစားချက်ကိုကြားလိုက်ရတယ်။
အဲဒါကြောင့်ဒိကဗျာလေးရေးဖြစ်ခဲ့ပါတယ်။

သမီးတယောက်ရဲ့  ခံစားချက်ဆွဲသီး

ကာရံတွေ

မညီမညာ

သံတိုင်တွေ

ကြိုးကြေမွ

အသဲတွေက

အက်ကွဲကြောင်းနဲ့ 

ပိတ်မှောင်နေ

ငါလေ တယောက်ထဲ ။ ။

ယုဝသုဏ် (11.06.09) 2.45 PM





Sunday 31 May 2009

Territional Defense


My Life have been respectful
I met dictators
Whom have been verbally aggressive
Fidinding the behavior to be an irritation
My own need for personal safety.

Feelings of frustration and anger
Insecurity and fear caused by disrespectful interactions
My own need for personal safety.

Yuu Wa Thone
31.05.09 (Sunday) AT 9:20 PM

Sunday 17 May 2009

မိခင်ပျောက် သားတွေ
သားပျောက် မိခင်တွေ
အမြန်ဆုံး ပြန်လည်ဆုံဆည်းခွင့်ရပါစေသား။

Saturday 21 March 2009

HAPPY MOTHER DAY 22.03.2009

မေမေ
Mother my Darling
Mother my Dear
I Love you ......I Love you
Each day of the year.

Friday 20 March 2009

ဆရာမကြီးဒေါ်ကြည်ဦး(ခ) သခင်မဒေါ်လှကြည် အမှတ်တယ

လွန်ခဲ့တဲ့ ၁၉နှစ်ကြာ အချိန်ကာလတခုမှာပေါ့ ကျမတယောက်
နိုငံရေးလုပ်ဖော်ပေါင်း သင်းတချို့ တောခို၊ တချို့  ထောင်ကျ
တကွဲတပြားဖြစ်နေချိန်၊ ကျမတို့ ရဲ့ လူဘောင်သစ်ပါတီကိုလည်း
မတရားအသင်းကြေညာ၊ဘာလုပ်ရင်ကောင်းမလဲစဉ်းစားနေတုန်း
သူငယ်ချင်းရီရီ(DVB) က ဆရာမကြီး ဒေါ်ကြည်ဦးက တသီးပုဂ္ဂလ
အနေရွေးကောက်ပွဲဝင်မယ်တဲ့ အဲဒါ စည်းရုံးရေး ဆင်းပေးရအောင်
ဆိုတော့ကျမလဲအားတက်သရော ငါလည်းလိုက်မယ်ဆိုပြီး ကျမတို့ 
သူငယ်ချင်း၂ယောက် ဆရာမကြီးအိမ်ရှိရာ ရန်ကင်းကို သွားရောက်
ခဲ့ပါတယ်။

၁၉၉၀ပြည့်ဆိုတော့ ဆရာမကြီးက ၆၀ ကျော် စာရေးဆရာမကြီးပီပီ
သန်တုန်းမြန်တုန်း ဟောနိုင်ပြော နိုင်တုန်း ရန်းကင်းက မိသားစုများ
ကလည်း အတော်လေးထောက်ခံကြတာပေါ့ ။ သားဖြစ်သူနိုင်ငံကျော်
အနုပညာရှင်ကိုဇာဂနာနဲ့ အရိုင်း ကလည်း ကျရာတာဝန် ထမ်းဆောင်
လျှက်ပေါ့ ရှင်။ ကျမတို့ ၂ယောက်လည်း ကိုယ့်အလှည့်မနွဲစတမ်းပေါ့ ။
ဟိုရောက်တော့ အေးအေးမာ (VOA) နဲ့ အေးအေးမော် တို့ လည်း
ရောက်နေကြပါတယ် ။ကျမတို့ ၎ယောက် တူတူလာကြပြီး ၂ယောက်
တဖွဲ့ ခွဲလိုက်ကြပါတယ်။

ကျမတို့ သွားရမဲ့နယ်မြေက စစ်တပ်နယ်မြေဆိုတော့ ရန်ကင်းပိုက်လုံး
ကြီးရဲ့ တဖက်တခြမ်းဆီခွဲလိုက်တယ်။ကျမတို ၂ယောက် စစ်တန်းလျှား
ကစစ်သားမိသားစုတွေရဲ့ အိမ်တွေကို တအိမ်တက်ဆင်းတံခါးခေါက်ပြီး
စည်းရုံးကြတာ ၊ အဲဒိအချိန်တုန်းက တကယ်ကိုအားရစရာကောင်းလှပါ
တယ်။ ဆရာမကြီး က နိုင်ငံကျော် ကိုဇာဂနာရဲ့  မိခင်ဖြစ်နေတာကတ
ကြောင်း သူမကိုတိုင်က စာရေးဆရာမကြီး ဖြစ်နေ ဆိုတော့ သိတ်ပြီး
မပြောရဘဲ ဘယ်သူဆိုတာကို သိသွားကြတယ်။
တကယ်တော့ ကျမတိုသွားတာ စစ်တပ်နော်။

ကျမတို့ ပြန်လာတော့ ဆရာမကြီးက ထမင်းဝိုင်းနဲ့  ဆီးကြိုပါတယ် ။
ဘာဟင်းတွေလဲတော့ ကျမမမှတ်တော့ပါ ကျမဒိနေ့ ထိအမှတ်ယနေ
တာကတော့ ကျမထမင်းထည့်စားခဲ့တဲ့ ယွန်းပုဂံလေးပါ ။ တကယ်ကို
အညာဆန်ဆန်ထမင်းဝိုင်းလေးဆိုရင်လည်း မမှားဘူးပေါရှင်။
ဒါပင်မဲ့ ထမင်းဝိုင်းမှာ ထမင်းတလုတ်မျို မကျခင်သတင်းဆိုး တခု
နားတွင်းသံရေပူလိုဝင်ခဲ့တယ်။“ထောက်လှမ်းရေးကဖုန်းဆက်လာတယ်
ကိုဇာဂနာနဲ့ ကိုအရိုင်း ဘယ်မှမသွားပါနဲ့ စောင့်နေပါတဲ့ ” ဆိုပြီး။
ခဏနေတော့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
၁၉၉၀ ဆရာမကြီးရဲ့ နိုင်ငံရေးကောက်ကြောင်း တခုပါ ။

ယွန်းထည်လေးတွေ တွေ့ တိုင်းဆရာမကြီးကိုသတိရနေမိမှာပါ။
ဆရာမကြီးအတွက် အမှတ်တယ ။
ယုဝသုဏ်

Wednesday 4 March 2009

ငယ်ဘ၀ရဲ့ပုံရိပ်များ



Blog တွေလျှောက် လည်ရင်းနဲ့ Kရဲ့Blog မှာမြင်းဒိုက်ဆို တာရယ်၊ တောင်တက်တာရယ်ကို ဖတ်ပြီးတော့
ငယ်ငယ်က မောင်နှမ တွေတက်ခဲ့ ဘူးတဲ့ မြင်းဒိုက် ဘူတာ တဖက် ခြမ်းကတောင်တက်ခဲ့ တာကိုသွားပြီး
အမှတ်ရစေခဲ့တယ်။
ခရီးရှည်ထွက်ခဲ့ခြင်း
၁၉၈၄-၈၅ ၁၀တန်း စာမေးပွဲ ဖြေပြီးနောက် တရက်ခရီးရှည် ထွက်ခဲ့တာပါ၊ မောင်လေး ၀မ်းကွဲရဲ့ ရှင်ပြုပွဲရှိ
တယ်ဆို လို့  ရန်ကုန်သူ ကျမတို့  ညီအမ နှစ်ယောက် ဖေဖေရဲ့ ညီမမိသားစု ရှိရာ ရှမ်းပြည် တောင်ပိုင်းက
မြင်းဒိုက်မြို လေးဆီကိုပါ။ ကျမအဒေါ်ရဲ့ ယောက်ျားကမြင်းဒိုက်ရုံ ပိုင်ကြီးလေ အဲဒိတော့ ရထားလက်မှတ်က
အလကား စီးရတယ်။ တတွဲလုံး ကျမတို့  မောင်နှမတွေနဲ့  လူကြီးဆိုလို့  အဒေါ်နဲ့  ကူဖော်လိုက် ပေးတဲ့
ဒေါ်ရှမ်းမ၊ ကျမတို့ မောင်နှမ၀မ်းကွဲ (၉) ယောက်နဲ့  ကိုကို ရဲ့ သူငယ်ချင်း ကိုမောင်မောင်မြင့်အားလုံးပေါင်း
(၁၀)ယောက်။ အားလုံးကအရွယ်မ တိမ်းမရိန်းဆိုတော့တကယ်ကို လက်ပံပင်ဇရက်ကျသလိုဘဲဆူညံနေပြီး
မောင် နှမတွေရထားပြုတင်းပေါက်ကလည်း လုကြသေးတာ။

ရထားကညနေ၆နာရီထွက်တယ်၊ ရန်ကုန်မန္တလေးရထား ကိုစီးရတယ်။မနက်စောစောသာစည်ရောက်တယ်၊
သာစည်မှာကျမတို့  တွဲကိုချန်ပြီးတော့ ရထားကမန္တလေးကိုဆက်သွားတယ်၊ မနက်လင်း ရ နာရီ လောက်မှာ
ရှမ်းပြည်တက်မဲ့ရထားက ကျမတို့တွဲကိုလာ ချိတ်ပြီး ရှမ်းပြည်ခရီးစတော့တာပေါရှင်။ ခရီးကအရမ်းပျော်ဘို့ 
ကောင်းသလိုပတ်ဝန်းကျင်ဗဟုသုတတွေ လည်းဘဲအများကြီးရတယ်၊ မြန်မာ့တောတောင် ရေမြေရဲ့လှပ တဲ့
ရှုခင်းတွေကိုလည်းခံစားရတယ်။ ရှမ်းပြည်ခရီးအစမှာ ရထားလမ်း ဘေးမြင်ကွင်းက ခရောင်းပင်တွေချည်းဘဲ
နောက်တဖြည်းဖြည်းနဲ့ လန်းဆန်းလတ် ဆတ်တဲ့လေအေးကိုစပြီးတွေ့  ရတာကတော့လွန်းတက်ဘူတာမှာ စ
တာပါ။ရထားကတောင်စ တက်ပြီးပေါ့ရထားကရှေ့ တိုးလိုက် နောက်ဆုတ်လိုက်တဆင့်ပြီး တဆင့်တက်လာ
လိုက်တာနောက်ဆုံးဟိုဘက် ခြမ်းမှာ မြင်နေရတဲ့တောင်တန်းကြီးနဲတညီထဲဖြစ်သွားတယ်။ ရှမ်းရထားကြီးက
ဂျေက်နက်နက်ပေါ်ကသံတားကြီးကိုဖြတ်၊ လှိုက်ဂူလှိုမြောင်တွေ ကိုဖြတ်သန်းရင်းကျမတို ဆင်းရမဲ့မြင်းဒိုက်
ဘူတာကိုဆိုက်ရောက်ပါတော့တယ်။ ခွေးရုပ်ဘူတာ အကြောင်းမေ့တော့မလိုမုန်တွေအများကြီးရောင်းတယ်။
ကျမအကြိုက်ဆုံးကတော့သဘောင်္သီးသုတ်။ အရမ်းကောင်းပြီး ဌက်ပျောရွက်ပေါ်မှာတင်ပြီး စားရတာအရမ်း
ကိုသဘာဝဆန်တာ။

မြင်းဒိုက်ဘူတာလေးက တောင်အောက်မှာရှိပြီးသုံးထပ်တိုက်လောက် အမြင့်ရှိတဲ့တောင်လှေခါးလေးအတိုင်း
တက်သွားရင်တောင် ထိပ်ကမြင်းဒိုက်ရုံပိုင်ကြီးရဲ့အိမ်၊ ခမ်လှမ်းလှမ်းမှာ တခြားဘူတာဝန်ထမ်းတွေရဲအိမ်တန်း
လေးရှိတယ်။အဲဒီအချိန်တုန်းကလျှပ်စစ်မီးမရှိဘူး၊ညဘက်ဆိုရင်အောက်လင်းမီးအိမ်တွေထွန်းပြီးနေရတယ်။
ပြီးတော့အညိုရောင်နယ်မြေ။
လသာသာကစားကွင်း။
နောက်နေ့ မနက်ကြတော့ ပတ်ဝန်းကျင်ကိုလေ့လာရင်း နေပူစာလှုံရတာပေါ့၊ကျမတို့အဖို့ကတော့ ရှမ်းပြည်
နွေရာသီပင်မဲ့ချမ်းစိမ့်စိမ့်၊ညဘက်ရောက်တော့လူကြီးတွေကဘုန်းကြီးကျောင်းမှာအလှူအတွက်အစည်းဝေး
သွားကြတယ်၊ လူကြီးတွေက ဆပ်ကြေး လာ ကောက်မှာ စိုးလို့  တိုးတိုးတိတ်တိတ် လုပ်နေကြတဲ့ အချိန်မှာ
ကျမတို့  မောင်နှမတွေ လသာသာ အိမ်ရှေ့ က ကွင်းပြင်မှာ ကစားကြတာ ဆူညံနေတာဘဲ၊ လူကြီးတွေ
အစည်းဝေးကပြန်လာတော့ သူပုန်ဝင်နေတယ်ထင်လိုတဲ့။ကျမတို့ ရဲ့ကစားနည်း အကြောင်းပြောရအုန်းမယ်
ကျမတို့ ရဲ့ခေါင်းဆောင် ကအကိုအကြီးဆုံးသူကတတိယနှစ်သင်္ချာ ကျောင်းသား၊ မသစ္စာက ပထမနှစ်သင်္ချာ
ကျမနဲ့ ကိုကိုက၁၀တန်းဖြေထားတယ်၊ အေးနဲ့စုက၈တန်းနုကရတန်း၊ရင်ပြုမဲ့မောင်လေးနဲ့ညီမအငယ်ဆုံးလေး
ကကလေးဘဲ ရှိသေးတယ် ဂျစ်တူးမပေါ့။ အကိုကြီးက ဒိုင်သူကြီးလုပ်ပြီး အဖွဲ့၂ဖွဲ့ ခွဲလိုက်တယ်၊ ဒိုင်သူကြီးက
သူလိုချင်တဲ့ပစ္စည်းကိုအော်လိုက်ရင်ကျမတို့ အလိုက်ရှာပြီး တော့သူဆီကိုပို့ပေးရတယ်၊အရင်ရောက်တဲ့သူက
အမှတ်ရတာပေါ့၊ ပထမ အပြေးပြိုင်ရတယ်၊ နောက် ချစ်စမ်းမောင် ကတွန်းစာအုပ် ဆိုတော့ ညမှောင်မှောင်
အိမ်ထဲကိုပြေးင်္ပြီးရှာရတာပေါ့၊ ကွမ်းတရာဆိုတာကပါသေးတယ်။ နောက်တော့ရေတခွက် ဆိုတော့ အပြေး
သွားခပ်ကြတာပေါ့၊ပြန်လာတော့ ရေတွေကမှောက်ကုန် ညီမနုတယောက် စိတ်တိုတိုနဲ့ ဒိုင်သူကြီးလက်ဆွဲပြီး
တံတွေးတွေးချလိုက် တော့တယ်၊ (ကျမတို့တတွေအရမ်းကို မောနေကြပြီ)ေ နာက်ဆုံးတခုကတော့ မျက်မှန်
တလက်ဆိုတော့မျက်မှန်တက်တဲ့လူဆိုလို ဒိုင်သူကြီးဘဲရှိတာကျမတို့ ၂ဖွဲ့လုံးသူထိုင်နေတဲ့နေရာကိုပြေးပြီးသူ့ မျက်မှန်ကိုဆွဲချွတ်ကြပါရော၊ နောက်ဆုံးဒိုင်သူကြီးထွက်ပြေး ရတာပေါ့။ ဒါနဲဘဲဘယ်သူမှမနိုင်ဘဲပွဲပြီးသွားပါ
တယ်။
(ဒိုင်ပြေး တယ်ဆိုတာ ဒါမျိုး ထင်တယ်နော်)
ခဏကြာတော့ သံလမ်းရဲ့ တဖက် ခြမ်းတောင်ပေါ်မှာ မီးလောင်နေတာကိုတွေ့ ရတယ်၊ကျမတို့ မောင်နှမတွေ
သူပုန်လာတယ်ထင်ပြီး ညိမ်သွားကြတယ်။ မနက်ရောက်တော့ တခြားတောင်ပေါ်ရွာက သူတွေက ညတုန်းက အသံတွေကြားနေရတယ်လို့ ပြောကြတယ်။ နောက်ရက်တွေမှာတော့--- နေ့ ခင်းဘက်တွေဆိုရင် ရွာခံတွေနဲ့ 
ကိုကိုတို့  ဘောလီဘော ပြိုင်ကြတယ် ။ ညဘက်တွေမှာတော့ ဂီတာတီး ပြီး သီချင်းတွေ ဆိုဖြစ်ကြတယ် ။
ကျမ အမှတ်တယ ရှိနေခဲ့ တဲ့ သီချင်း (၂) ပုဒ်ကတော့ ခိုင်ထူး ရဲ့  စိမ်းည ၊ ဆိုင်းထီးဆိုင် ရဲ့  ရွှေဗဟိုစည်သံ
မကြားတဲ့အဝေးမှာ။

တောင်တက်ခြင်း။

ကျမတို့ မောင်နှမတွေ စိတ်ဝင်စား သွားတာကတော့ မီးရထားသံလမ်းရဲ့ တဖက်ခြမ်းက တောင်တန်းကြီး ပါ။
ကျမတို့ မောင်နှမတွေ ကိုအဒေါ်ကမနက်စာ ထမင်းကျော်ကြွေး ပါတယ် ။ စားပြီးတော့ တောင်အောက် က
မုန့်  ဆိုင်မှာမုန့်တွေဝယ်ပြီး တောင်တက်ဖို့  ပြင်ကြတာပေါ့ ။ ကျမ တို့ မောင်နှမ ၉ ယောက် တန်းစီပြီး သွား
နေတာကို ရှမ်းဦးကြီး ( ကြီးပေ့ ) ကမြင်တော့ ” တောင်တက်မလိုလား ၉ ယောက် သွားလို့  မရဘူး မောင်
ကျောက်ခဲခေါ်သွား ” လို့ေ ပြာပါတယ် ။ ကျမတို့  မောင်နှမ ၉ ယောက် နဲ့  မောင်ကျောက်ခဲ တောင်တက်ခဲ့
ကြပါတယ် ။ ကျမတို့  တတွေလမ်းဖြောင့်ဖြောင့် တောင်ကုန်းပြေပြေ ကို ရွေးပြီးတက်ခဲ့ ကြတာ တောင် မနဲ
တက်ခဲ့ ရတယ် ။ ၂ နာရီ ကျော်ကျော်လောက် တက်ပြီးတော့ တောင်ထိပ်ကို ရောက်တယ် ။ တောင်ထိပ်
ရောက်တော့ မနက်ကစားလာတဲ့ ထမင်းကျော် ဘယ်နားရောက်သွားမှန်းတောင်မသိဘူး၊လမ်းမှာမောမောနဲ့ ဆူးသီး (အ၀ါရောင်ချဉ်တဲ့အသီးသေးသေးလေး) ခူးစားကြတယ်။
ပါလာ တဲ့ မုန့် တွေ ဝေစား ကြပြီးတော့
တောင် ထိပ်မှာ အလံတခုထူခဲ့ ကြသေးတယ် ။ တောင်ပေါ်ကနေ လှမ်းကြည့်ရင် မထ္ထီလာ ကန်ကိုလှမ်း
မြင်ရတယ် ။ အပြန်ကြတော့ ညတုန်းက မီးလောင်တဲ့တောင်ကုန်း မတ်စောက်စောက်ဘက် ကနေ ဆင်း
ကြတာ မောင်နှမတွေ အားလုံး အိုးမဲ သုတ်ထားသလို ဘဲ တကိုယ်လုံး မဲတူးပြီး ပြန်ရောက်လာကြတာ ။
ကျမကတော့တခုခုဖြစ်ပြီးမှ အိမ်ပြန်ရောက်တတ်တော့- ပြေးလွှားခုန်ပေါက်ပြီး ဆင်းနေရင်းကျမဖိနပ်ပျတ်
ပါလေရော၊ ကိုကိုကသူဖိနတ် ချွတ်ပေးတော့အကိုဖိနပ် အကြီးကြီးစီးပြီးဆက်ဆင်းရတယ်၊ ကိုကိုကတော့ချီ
ဗလာနဲ့ ပေါ့။
ဈေးနေ့ ။
မနက်ဖြန် ကလောဈေးနေ့  ကျမကဖိနပ်ပျတ်တဲ့ သူဆိုတော့ ကလောဈေးနေ့ ကိုလိုက်ဘို့ မဲပေါက် တာပေါ့ ကျမရယ်၊ အဒေါ်ရယ် အမအေး နဲ့  ညီမလေးမို့ တို့  အတက်ရထားနဲ့  ကလောကို တက်ကြပါတယ် ။
ဈေးနေ့ ဆိုတော့အနီးဝန်းကျင်တောင်ပေါ်ရွာလေးတွေကပအို့ ပလောင်ရှမ်းလားဟုစသည့် ရှမ်းတိုင်းရင်းသား
တွေဈေးလာရောင်းကြတယ်။ လတ်လတ်ဆတ်ဆတ်အသီးနှံတွေစုံနေတာဘဲ၊ လေးလေးကရှမ်းခေါက်ဆွဲဝယ်
ကျွေးတယ်၊ အပြန်ကြတော့ ဆင်းရထားမရှိတော့ ကလော မြင်းဒိုက်တောလမ်းကနေ လမ်းလျှောက်ပြီးပြန်
ရတယ်။ အားပါးပါး အတော်လေး အီသွားတယ်။ တောလမ်း က၂ နာရီလောက် ခြေလျှင် လျှေက် ရတာ။
(ခြေလျှင်တောင်တက် သွားကျင့်တာလား အောင်မေ့ရတယ်)
ရေတံခွန်။
နောက်ရက် တွေမှာလည်း ဘယ်သွားရင် ကောင်းမလဲလမ်းစ ရှာနေကြတယ်၊ တောထဲက ဘုန်းကြီး
ကျောင်းကိုသွား လည်ကြမယ် ဆိုတော့ ရထားသံလမ်းအတိုင်း လျှေက်ပြီး တောထဲတောင်ထဲ ကိုဖြတ်
သွားရတာပေါ့၊ တနေရာ ရောက်တော့ ရေစီးသံလော ၊ တောင်ကျ ချောင်းသံ လော ကြား ရတယ်။
ကျမတို့  မောင်နှမတွေ တောထွင်းပြီး ရှာတော့တာပေါ့ အားပါးပါး တွေ့ပါပြီ။ ကျောက်တုံး တျောက်ဆိုင်
တွေနဲ့ တောင်ပေါ်က နေစီးဆင်း နေတဲ့ရေတံခွန်---- တောင်ကျ ရေတွေက ကျောက်တုန်း၂ခု ကြားက
ကျဉ်းမြောင်းမြောင်း ဂျေက်ထဲကိုစီးဆင်း သွားကြတာ၊ ကျမတို့ မောင်နှမတွေ ဖြတ်လျှောက် ကြမယ်ပေါ့၊
ကျောက်တုံးကြီးကို မောင်နှမတွေအားလုံး ဖြတ်လျှောက်ကြတာ အားလုံးOKဘဲ၊ ကျမအလှဲ့ ရောက်တော့
ကျောက်တုံး ပေါ်က ရေညှိကို နင်းမိ ပြီးချော်လဲ ပါရော ၀ပ်လျှားမှောက် ဒီဇိုင်း နဲ့ လက်တဖက် ကခုခု
ကိုတော့ကိုင် ထားလိုက်တယ်၊ အောက်ကိုလည်း ပြုတ်မကျဘူး၊ ထလိုလည်းမရဘူး၊ ထလိုက်ရင်ကျောက်
တုံး၂ခုကြားက ဂျောက်ထဲ လျှောကနဲ ကျသွားမှာ- အဲဒီတော့ ကိုမောင်မောင်မြင့်က ကျမခြေ ထောက်ကို
တွန်းထား ကိုကိုက လက်ကို အတင်းဆွဲပြီး ထူလို့  ထလိုရသွားတယ်၊ အကို ၂ ယောက် လက်ကို ဆွဲပြီး
အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့ တယ်၊ ကျမတို့  ကျောက်တုံး ၂ ခုကြားက ဂျောက်ကို ဘယ်လောက်နက်
သလဲသိချင်လို့  ၀ါး လုံးတလုံး ရေထဲချကြည့်လိုက်တာ -------- ၀ါးလုံးကရေထဲ စုန်းစုန်းမြုံသွားတော့----
ကျမတို့ တတွေတော်လေး လန့်သွားကြတယ်၊ ကျမများကျသွားခဲ့ရင် ------ --------မတွေးဝံ့စရာဘဲ။
မောင်ရှင်လောင်း နဲ့ ဒါးဒဏ်ရာ။
မောင်ရှင်လောင်းကို ဘုန်းကြီးကျောင်း သွားပြီး ဘုရားစာသင်ခိုင်းတာ၊ ဘုန်းကြီး ကျောင်းသား တွေနဲ့ 
ဌက်ပစ်ထွက်သတဲ့  ဌက်သငယ် ကိုလိုက်ရင်းချော် လဲတာ ဒါးပေါ်ကို လက်ထောက်ပြိးလဲတာ၊
လက်က တော်တော်လေးထိ သွားတယ်၊ ဒါးထိတဲ့ မောင်ရှင်လောင်းက ဘာမှမဖြစ်ဘူး ၊ ကျမကတော့
့သူ့ ရဲ့ သွေးသံရဲရဲ လက်ကိုကြည့်ပြီး ငိုပေါ့ရှင်။ အဲဒိအချိန်မှာ ကလောကိုတက်မဲ့အတက်ရထားလာချိန်
ဆိုတော့ ကလောမှာ ဆေးခန်းပြဘို့  လိုက်ပါသွားကြတယ်။ ကလောမှာ ဘဲဆေးခန်းက ရှိတာလေ၊
အပြန်ကျရင်တော့ တောလမ်းကနေ လမ်းလျှောက်ပြီး ပြန်ရမှာ၊ ကျမတို့  ကတောလမ်း တ၀က် ကနေ
သွားကြိုကြတယ်။ ရောက်တာ၂ပတ် ကျော်လောက် ရှိပြီဆိုတော့ ခြေထောက်တွေက နဲနဲကျင့် သားရနေ
ပြီ။ မောင်ရှင်လောင်းရဲ့ ဒဏ်ရာက ၄ချက် အစိမ်းချုပ် လိုက်ရတယ် ။ မောင်ရှင်လောင်းခမျာ အတက်ရ
ထားနဲ့ ကလောကိုသွား အပြန် ကျရင်တောလမ်းကနေ လမ်းလျှောက်ပြန် ဆေးခန်းပြရတာ၊ တရက်တော
့ကျမတို့ ညီအမ ၃ ယောက် စနေ ၃ ကောင် ဘဲသွား ကြိုကြတာ၊ အဲဒိနေ့ က မိုးအုံနေပြီး စောစောမှောင် လာတယ်၊ အရေးထဲမှာ နုက အပေါ့သွားချင်တယ် ဆိုတော့------ တောထဲတောင်ထဲ ကြောက်ကြောက်နဲ့ 
တောစောင့်နတ် တောင်စောင့်နတ် များခွင့်ပြုပါဆိုပြီး သွားရတယ်၊ ကျမတို့ ၃ယောက် ခါတိုင်း သွားနေ
ကြလမ်းကို ကြောက်စိတ်ဝင် နေကြ တယ်၊ အဲဒိအချိန်မှာ ဘယ်လိုမှမမျှော်လင့်ဘဲ ကျမတို့ ရဲ့ရှေ့ လှမ်း
လှမ်းမှာကြီးပေ့ ( ရှမ်းဦးကြီး ) တယောက် ပေါ်လာတယ်၊ ကျမတို့ နှုတ်ဆက် ပြီး၊ လူလာ ကြို တာပါ လမ်းမှာတွေ့ခဲ့ပါလားလို့  မေးကြည်တော့ြ ကီးပေ့က မတွေ့ဘူး၊ ကြီးပေ့က ဘယ်မှာနေ သလဲ ဆိုတော့
ဘေးမှာရှိတဲ့ တောင်မြင့်မြင့် ကိုလက်ညိုး ထိုးပြတယ်။ တမိနစ်တောင်မကြာဘူး- ကိုကိုတို့  ၃ယောက်
ရှေ့တောင်ကွေ့ တခုကနေ လျှောက်လာတယ် ကျမတို့ လည်းအရမ်းပျော်သွားပြီး၊ ကြီးပေ့တေယောက်န့ဲ
့တွေ့  တဲ့အကြောင်း ကိုပြောပြပြီး၊ ဒီတောင်ပေါ် ကိုတက်သွားတယ် လို့  လက်ညိုး ထိုးပြရင်း သေသေ
ချာချာ ကြည့်လိုက်တော့ တောင်ကြီးက အရမ်းကိုမတ်စောက် နေပြီးတက်စရာ လမ်းလည်းတွေ့  ရဘူး၊
မိနစ်ပိုင်းအတွင်း ကြီးပေ့က ဘယ်ရောက သွား လဲမသိဘူး။ (တကယ်ဆိုရင် တောင်ပေါ်ရွာ တွေကို
တက်တဲ့ တောလမ်းလေ တွေတွေ့ ရတယ။်)
ကိုကိုတို့  ကသူတိုတွေ သီချင်းတွေဆို လာ တာတဲ့ပြီးတော့  ”အဘရေ--မမြစိမ်း” လို့ လည်းအော်လာ
ကြသတဲ့၊ အမှန်တကယ်ဆိုရင် သူတို့  အသံကိုကျမတို့  ကြားရမှာ သီချင်းအော်ဆို သံမပြောနဲ့  စကား
့ပြောသံတောင် သိတ်ပြီးမ သဲကွဲ ပင်မဲ့ တောင်နရံတွေ ကိုရိုက်ခတ် ပြီးကြားရပါတယ်။ ယခုက ဘာသံ
မှမကြားရဘဲ မျက်စီရှေ့ ကိုကိုတို့ တွေ ဘွားကနဲ ပေါ်လာတာ။
(ရှမ်းပြည်တောင်ပိုင်းက ကလော-မြင်းဒိုက် တောလမ်းလေးမှာ ကြုံခဲ့ဘူးတဲ့ထူးဆန်းတဲ့ ဖြစ်ရပ်တခုပါ ။)


ရှမ်းအလှူ နဲ့ ရှမ်းသင်္ကြန်။
အလှူရက်ရောက်လာပါပြီ ရှမ်းအိုးစည်သံဘိန်းဘောင်းညံစွာနဲ့ အလှူထမြောက်အောင်မြင်စွာပြီသွားပါပြီ။
သင်္ကြန်ရောက်ပြီပေါ့ ရှမ်းပြည်သင်္ကြန် လေ့အထကတော့ ---------- ဆန်၊ဆီ၊ဆားငရုတ်၊ကြက်သွန် စတဲ့
စားသောက်ဖွယ်များ သယ်ဆောင်ပြီး သက်ကြီးရွယ်အို အိမ်တွေ မှာ သွားရောက်ကတော့ ကြတာပါ၊
အိမ်တွေကလည်းဘဲ မုန့်တွေ၊ လက်ဖက်တွေ နဲ့ဧည်ခံကြတာပေါ့၊ ကျမတို့ မောင်နှမတွေကတော့ဘာမှ
ှလည်း မပါဘဲနဲ့  မြင်းဒိုက်ရုံပိုင်ကြီးမိသားစု ပါဆိုပြီးအိမ်တွေမှာ မုန့်တွေလိုက်စားကြပါတယ်။ပျော်စရာကြီး
တောင်ပေါ်သားတွေက ရိုးသားပြီးခင်မင် တတ်ကြတယ်၊ အိမ်တအိမ်ရောက်တော့ ကြီးပေ့က ကျမတို့ 
မောင်နှမတွေကို သိနေတယ်၊ ကျမတို့  တောင်တက်တဲ့နေ့ က မောင်ကျောက်ခဲ ခေါ်သွားဘို့  ပြောတဲ့
့ကြီးပေ့ ဖြစ်နေတယ်၊ ကြီးပေ့က ၉ ဂဏန်း အကြောင်း ရှင်းပြတယ် ။ ကျမ မမှတ်မိတော့ဘူး။

အိမ်ပြန်ချိန်
အချိန်တန် အိမ်ပြန်ချိန် ကိုရောက်ခဲ့ပါပြီ ။ ကျမ၊ မသစ္စာ၊ ကိုကိုနဲ့  ကိုကိုရဲ့ သူငယ်ချင်း ကိုမောင်မောင်မြင့်
့သင်္ကြန်အတြိတ်နေ့  မှာပြန် ခဲ့ကြပါတယ်၊ ရထားလက်မှတ် ကလည်းသင်္ကြန်ရက်မှ ဘဲရတယ။် ရုံပိုင်ကြီး
မိသားစု ဆိုတော့ အလကား ပေးရတာမို့ ပါ၊ ကျမတို့ ညီမ ၂ယောက်ကို အကိုတယောက် သြချ
လောက်ပါရဲ့  ကိုယ်အထုတ် ကိုဆွဲပြီး ရထားပေါ်ကို ကျော့ကျော့လေးတက် သွားကြတယ် ခရီးက
ရှည်ပြီးတော့ သင်္ကြန်ရက်ကြီးပြန်ရမှာ ကိုအကျီင်္အိတ်က လွဲလို့ သောက်စရာ ရေဗူးတောင်မထည့်ဘူး၊
ကျန် မောင်နှမတွေကိုနှုတ်ဆက် ပြီးရထားကြီး ခေါ်ဆောင်ရာ ပါလာခဲ့ပြီးတဲ့ နောက် ခွေးရုပ် ဘုတာ
ရောက်တော့ သဘောင်္သီးသုတ် ၀ယ်စား ကြတယ်၊ စားလို့ မပြီးခင်မှာဘဲ ရ ထားက ထွက်တော့
စားလဲပြီရော ဆေးစရာ ရေကမရှိ၊ ကိုကိုက ဆူဘို့ ပြင်နေချိန်မှာ ”ကျမက အိုလွယ်လွယ်လေး လက်ကို
ရထားပြူတင်း ပေါက်ထုတ်ပြီး အခြေက်ခံလိုက်” နောက်ဘူတာ ရောက်မှ ရေ၀ယ်ပြီးဆေး လိုက်ကြ
တယ်။ မောင်နှမတွေ တပျော်ကြီး နေပြီး ခွဲလာရတယ် ဆိုတော့ အားလုံးက ညစ်နေကြတာ၊
နဲနဲတော့ ဆူခံထိတာပေါ့ ၊ တော်တော်မိန်းမပီသကြတယ်ပေါ့။ သင်္ကြန်ရက်ဆိုတော့  ဘူတာစဉ်တွေ
ရပ်ရင်ရေ ပက်ကြတော့ ကိုကိုထည့်ယူလာ တဲ့မျက်နှာသုတ်ကြီးကို ဆွဲခြုံကြတော့ ဒါတောင်ငါထည့်လို့ 
့ပါတာ ဆိုပြီး ဆူခံထိ လိုက်သေးတယ်၊ တကယ်တော့ ကျမတို့  မောင်နှမတွေအားလုံး ၁၀ ကျော်သက်
တွေပါ၊ တယောက်မှ ၂၀ မပြည့်ကြ သေးဘူး၊ ကိုကို ဆူလိုက်တိုင်း ကျမတို့ ပြန် ဖြေတာ ကတော့
”ဘယ်သိမှာလဲ” နောက်ဆုံး တော့ ညီမ Tom boys ၂ ယောက်ကို လက်လျှော့ လိုက်ရတယ်။
ဘေးမှာ ထိုင်တဲ့ ခရီးသည် တွေက ကျမတို့  မောင်နှမတွေကိုကြည့် ပြီးရီနေကြတယ် ။
ကျမတို့ မောင်နှမတွေ ရန်ကုန်ရောက်တော့ သင်္ကြန်နောက်ဆုံးနေ့ ။

ရှမ်းတောင်တန်းကြီးကိုသက်သေထူလို့ ရသစုံတဲ့ တသက်မေ့လိုမရနိုင်တဲ့ ငယ်ဘ၀ရဲ့ပုံရိပ်တွေပေါ့ရှင်။
ယုဝသုဏ်
03.03.09