Friday 26 December 2008

မညီမျှတဲ့ ညီမျှခြင်း
ဗမာပြည်သား တယောက်
တိုးတက်နေတဲ့ တိုင်းပြည်တခုမှာ
ခောတ်မှီ ပညာသင်ကြားရင်း
ဒီမိုကရေစီရှိတဲ့ တိုင်းပြည်မှာ
နေခွင့်ရဘို့ အစဉ်ပြေဘို့ 
ဇမ်ခံကားစီးရင်း
၁၀စုနှစ် ကာလတခုကို
ဖြတ်သန်းခဲ့တယ် ။

ဗမာပြည်သားတယောက်
ဆင်းရဲမွဲတေပြီး တရားမရှိတဲ့တိုင်းပြည်မှာ
သင်စရာပညာမရှိ
နေစရာထောင်ရှိ
စီးစရာ ၀ှီးချဲကိုစီးရင်း
ယုံကြည်ချက် နဲ့  ဒီမိုကရေစီရရှိဘို့ အတွက်
၁၀ စုနှစ် ကာလတခုကို
အသက်ပေးရင်း
ဖြတ်သန်းခဲ့တယ် ။

ထိုအရာသည်ကား
လူသားနှစ်ဦး သက်တမ်းတခု
တူသည်ငြားလည်း
မညီမျှတဲ့
တူညီချင်းပါတကား ။

ယုဝသုဏ်၆၊၁၀၊၂၀၀၆

ယုံကြည်ချက်နဲ့ ဒီမိုကရေစီရရှိဘို့ တွက် တိုက်ပွဲဝင်ရင်း
ကျဆုံးသွားတဲ့ ကိုသက်ဝင်းအောင် အတွက် ။

No comments: