လွန်ခဲ့တဲ့ ၁၉နှစ်ကြာ အချိန်ကာလတခုမှာပေါ့ ကျမတယောက်
နိုငံရေးလုပ်ဖော်ပေါင်း သင်းတချို့ တောခို၊ တချို့  ထောင်ကျ
တကွဲတပြားဖြစ်နေချိန်၊ ကျမတို့ ရဲ့ လူဘောင်သစ်ပါတီကိုလည်း
မတရားအသင်းကြေညာ၊ဘာလုပ်ရင်ကောင်းမလဲစဉ်းစားနေတုန်း
သူငယ်ချင်းရီရီ(DVB) က ဆရာမကြီး ဒေါ်ကြည်ဦးက တသီးပုဂ္ဂလ
အနေရွေးကောက်ပွဲဝင်မယ်တဲ့ အဲဒါ စည်းရုံးရေး ဆင်းပေးရအောင်
ဆိုတော့ကျမလဲအားတက်သရော ငါလည်းလိုက်မယ်ဆိုပြီး ကျမတို့ 
သူငယ်ချင်း၂ယောက် ဆရာမကြီးအိမ်ရှိရာ ရန်ကင်းကို သွားရောက်
ခဲ့ပါတယ်။
၁၉၉၀ပြည့်ဆိုတော့ ဆရာမကြီးက ၆၀ ကျော် စာရေးဆရာမကြီးပီပီ
သန်တုန်းမြန်တုန်း ဟောနိုင်ပြော နိုင်တုန်း ရန်းကင်းက မိသားစုများ
ကလည်း အတော်လေးထောက်ခံကြတာပေါ့ ။ သားဖြစ်သူနိုင်ငံကျော်
အနုပညာရှင်ကိုဇာဂနာနဲ့ အရိုင်း ကလည်း ကျရာတာဝန် ထမ်းဆောင်
လျှက်ပေါ့ ရှင်။ ကျမတို့ ၂ယောက်လည်း ကိုယ့်အလှည့်မနွဲစတမ်းပေါ့ ။
ဟိုရောက်တော့ အေးအေးမာ (VOA) နဲ့ အေးအေးမော် တို့ လည်း
ရောက်နေကြပါတယ် ။ကျမတို့ ၎ယောက် တူတူလာကြပြီး ၂ယောက်
တဖွဲ့ ခွဲလိုက်ကြပါတယ်။
ကျမတို့ သွားရမဲ့နယ်မြေက စစ်တပ်နယ်မြေဆိုတော့ ရန်ကင်းပိုက်လုံး
ကြီးရဲ့ တဖက်တခြမ်းဆီခွဲလိုက်တယ်။ကျမတို ၂ယောက် စစ်တန်းလျှား
ကစစ်သားမိသားစုတွေရဲ့ အိမ်တွေကို တအိမ်တက်ဆင်းတံခါးခေါက်ပြီး
စည်းရုံးကြတာ ၊ အဲဒိအချိန်တုန်းက တကယ်ကိုအားရစရာကောင်းလှပါ
တယ်။ ဆရာမကြီး က နိုင်ငံကျော် ကိုဇာဂနာရဲ့  မိခင်ဖြစ်နေတာကတ
ကြောင်း သူမကိုတိုင်က စာရေးဆရာမကြီး ဖြစ်နေ ဆိုတော့ သိတ်ပြီး
မပြောရဘဲ ဘယ်သူဆိုတာကို သိသွားကြတယ်။
တကယ်တော့ ကျမတိုသွားတာ စစ်တပ်နော်။
ကျမတို့ ပြန်လာတော့ ဆရာမကြီးက ထမင်းဝိုင်းနဲ့  ဆီးကြိုပါတယ် ။
ဘာဟင်းတွေလဲတော့ ကျမမမှတ်တော့ပါ ကျမဒိနေ့ ထိအမှတ်ယနေ
တာကတော့ ကျမထမင်းထည့်စားခဲ့တဲ့ ယွန်းပုဂံလေးပါ ။ တကယ်ကို
အညာဆန်ဆန်ထမင်းဝိုင်းလေးဆိုရင်လည်း မမှားဘူးပေါရှင်။
ဒါပင်မဲ့ ထမင်းဝိုင်းမှာ ထမင်းတလုတ်မျို မကျခင်သတင်းဆိုး တခု
နားတွင်းသံရေပူလိုဝင်ခဲ့တယ်။“ထောက်လှမ်းရေးကဖုန်းဆက်လာတယ်
ကိုဇာဂနာနဲ့ ကိုအရိုင်း ဘယ်မှမသွားပါနဲ့ စောင့်နေပါတဲ့ ” ဆိုပြီး။
ခဏနေတော့ လာရောက်ဖမ်းဆီးခေါ်ဆောင်သွားပါတယ်။
၁၉၉၀ ဆရာမကြီးရဲ့ နိုင်ငံရေးကောက်ကြောင်း တခုပါ ။
ယွန်းထည်လေးတွေ တွေ့ တိုင်းဆရာမကြီးကိုသတိရနေမိမှာပါ။
ဆရာမကြီးအတွက် အမှတ်တယ ။
ယုဝသုဏ်